ကျောက်ကြီး ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း(Grade-9)စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း(Grade-5)အား စာစစ်ဌာန(၁၇)ခုတွင် စာရင်းရှိ ကျောင်းသား(၂၁၂)ဦး ကျောင်းသူ(၂၂၆)ဦးမှ ကျောင်းသား(၁၇၉)ဦး၊ ကျောင်းသူ(၁၉၉)ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၆၀)ဦးနှင့် ဝင်ရောက်ဖြေဆိုမှု (၈၆.၃၀)ရာခိုင်နှုန်းရှိပြီး အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-9)အား စာစစ်ဌာန(၄)ခုတို့တွင် စာရင်းရှိ ကျောင်းသား(၉၅)ဦး ကျောင်းသူ(၁၃၉)ဦးမှ ကျောင်းသား(၈၀)ဦး၊ ကျောင်းသူ(၁၂၃)ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၁)ဦးနှင့် ဝင်ရောက်ဖြေဆိုမှု (၈၆.၇၅)ရာခိုင်နှုန်းရှိကြောင်းသိရသည်။
အဆိုပါ အခြေခံပညာမူလတန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-5)စာမေးပွဲကို ဖေဖော်ဝါရီလ(၂၂)ရက်မှ ဖေဖော်ဝါရီလ(၂၇)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း(Grade-9) စာမေးပွဲကို ဖေဖော်ဝါရီလ(၂၂)ရက်မှ ဖေဖော်ဝါရီလ(၂၈)ရက်အတွင်းကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
မြို့နယ်ပြန်/ဆက်