ချောင်းဆုံ ဖေဖော်ဝါရီ ၂၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်(Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့်(Grade-9) ပညာသင်ယူနေသည့် ကျောင်းသား/သူများ၏ နှစ်ဆုံးစာမေးပွဲကြီး(ပထမ)နေ့ကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိစာစစ်ဌာနများတွင် အေးချမ်းစွာဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲ(ပထမ)နေ့တွင် မြို့နယ်ရှိအခြေခံပညာမူလတန်းဆင့်(Grade-5) စာစစ်ဌာန(၄၀)ခုတွင် ကျောင်းသား/သူ(၂၂၆၄)ဦး ဝင်ရောက်ဖြေဆိုကြပြီး အခြေခံပညာအလယ်တန်းဆင့်(Grade-9) စာစစ်ဌာန(၁၆)ခုတွင် ကျောင်းသား/သူ(၁၀၇၁)ဦးမှ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၁၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းမှ ကျောင်းသား/သူများ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)