ဖြူး ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အိမ်ထောင်စု (၃) စု မီးလောင်မှုဖြစ်ပွားခဲ့ရာ နစ်နာဆုံးရုံးမှုများအတွက် အထောက်အကူဖြစ်စေရေး တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆေးရုံရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက ဆေးရုံရပ်ကွက်၊ သရက်ခြံ (၁) လမ်းနှင့် (၇) လမ်းထောင့်တို့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် ဖြူးမြို့နယ်၊ ဆေးရုံရပ်ကွက်၊ သရက်ခြံ (၁) လမ်းနှင့် (၇) လမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် ဦးမောင်မြင့်မိသားစုအတွက် အသုံးအဆောင်ပစ္စည်း (၁၆) မျိုးနှင့် မိသားစု (၇) ဦးအတွက် တစ်ပတ်စာဆန်ရိက္ခာဖိုး (၂၁၄၇၀၀) ကျပ်ကိုလည်းကောင်း၊ ဦးမောင်လေးမိသားစုအတွက် အသုံးအဆောင်ပစ္စည်း (၁၆) မျိုးနှင့် မိသားစု (၄) ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုး (၂၀၈၄၀၀) ကျပ်ကိုလည်းကောင်း၊ ဒေါ်ကြည်ကြည်ဝင်းမိသားစုအတွက် အသုံးအဆောင်ပစ္စည်း (၁၆) မျိုးနှင့် မိသားစု (၄) ဦးအတွက် တစ်ပတ်စာဆန်ရိက္ခာဖိုး (၂၀၈၄၀၀) ကျပ်ကိုလည်းကောင်း၊ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)