သတင်းများ

ကုက္ကိုသားဖြင့် ကျွန်းအစားထိုးပရိဘောဂများပြုလုပ်ရောင်းချ
Feb 20,2024
ရှေးယခင်ကပင် ပရိဘောဂပစ္စည်းအများစုကို ကျွန်းသားဖြင့်သာ ပြုလုပ်ခဲ့ကြသော်လည်း ယခုအချိန်တွင် ကျွန်းသားရှားပါးလာခြင်း (သို့) ဈေးနှုန်းအလွန်ကြီးမြင့်လာခြင်းတို့ကြောင့် ကျွန်းသားအစား ထန်းသားအရင့်၊ ကုက္ကိုသားအရင့်စသည့် အနှစ်ပါသောအခြားသားများကို အသုံးပြုလျက် ပရိဘောဂပစ္စည်းများ တွင်တွင်ကျယ်ကျယ်ပြုလုပ်လာကြကြောင်း သိရသည်။
ကန့်ဘလူမြို့၌ စာဖတ်ဝိုင်း ကျင်းပ
Feb 20,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် အတွဲ( ၂၁)၊ အမှတ်( ၂) ဒို့ကျေးရွာဂျာနယ်မှ ဆရာချစ်နိုင် (စိတ်ပညာ)၏ သုတနှင့်မုတ အတွေ့အကြုံ၊ အတွေးအမြင် ဆောင်းပါးအား ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာတွင် နေအိမ်(၂)လုံး မီးလောင်မှုဖြစ်ပွား
Feb 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာတွင် ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က နေအိမ်(၂)လုံး မီးလောင်ကျွမ်း၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရေမိန်တောင်ကျောင်းလမ်းတံတားနှင့် ချင်းမပေါင်းလမ်းရှိ ကွန်ကရစ်တံတားဆောင်ရွက်မှု (၉၀)ရာခိုင်နှုန်းပြီးစီး
Feb 20,2024
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ကွန်ကရစ်တံတားများဆောင်ရွက်ခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စည်ပင်သာယာရေးအဖွဲ့ ဖြည့်စွက်ရန်ပုံငွေဖြင့် ရေမိန်တောင်ကျောင်းလမ်း ကွန်ကရစ်တံတားနှင့် ချင်းမပေါင်းတံတားဆောင်ရွက်မှု (၉၀)ရာခိုင်နှုန်းပြီးစီးကြောင်း သိရှိရသည်။
ရွှေဘိုမြို့၌ ဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲ ကျင်းပ
Feb 20,2024
လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊​​ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ မြင်းစီး၊ သီးလုံး၊ ခွန်​တောင်းကြီးကျေးရွာများတွင် အကြမ်းဖက်အဖွဲ့အစည်းများ၏ မိုင်း​ထောင်​ဖောက်ခွဲမှု​​ကြောင့် ဒဏ်ရာရ၊​ သေဆုံး၊ ​နေအိမ် မီး​လောင်ဆုံးရှုံးခဲ့သည့် ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေရသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် မန္တလေးမှ စေတနာရှင်အလှူရှင်များက ဆန်၊ ဆီများ ပေးပို့လှူဒါန်း
Feb 20,2024
လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် မန္တလေးမှ အလှူရှင်များက ပေးပို့လှူဒါန်းသည့် အလှူပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
လားရှိုးမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ပြုလုပ်မည်
Feb 20,2024
လားရှိုးမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အစီအစဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်
Feb 20,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။