သတင်းများ

လယ်ဝေးမြို့နယ်တွင် မြစိမ်းရောင်အသားကဏ္ဍ စတုတ္ထအကြိမ် ချေးငွေထုတ်ချေး
Feb 20,2024
ပြည်ထောင်စုနယ်​​မြေ၊ လယ်ဝေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင် အသားကဏ္ဍမွေးမြူရေးလုပ်ငန်းများဆောင်ရွက်သည့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအား စတုတ္တအကြိမ် ချေးငွေထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးတွင် ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ် ဓမ္မာစရိယနှင့် ပထမပြန်စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားတက်ရောက်
Feb 20,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်ဓမ္မာစရိယနှင့် ပထမပြန်စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်ပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ ဩဝါဒစရိယဆရာတော်ကြီးများ၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်များ၊ စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Feb 20,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
လပွတ္တာမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Feb 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ  ဗလငါးတန်နှင့် ပြည့်စုံပြီးအသိပညာ ဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊​လူကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစိုးရစက်မှု လက်မှုသိပ္ပံ(လပွတ္တာ)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျိုက်လတ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Feb 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ အောင်ချမ်းသာဓမ္မာရုံတွင် ယနေ့နံနက်(၈)နာရီခန့်က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် မိဿလင်‌ကျေးရွာအုပ်စုနှင့် ကိုင်းချောင်းကျေးရွာအုပ်စုများရှိ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။
ပျော်ဘွယ်မြို့နယ်၊ မင်းရွာကျေးရွာတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 19,2024
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို ယနေ့ နံနက် (၁၀)နာရီက မင်းရွာကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့နယ်၌ ခရမ်းချဉ်သီးများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူ၍ရနေ
Feb 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် စားသောက်ကုန်များ ပြတ်လပ်ခဲ့ပြီး ဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူစားသုံးခဲ့ရကာ ခရမ်းချည်သီး ၁ ပိဿာ ဈေးနှုန်း(၂၄,၀၀၀/-)ကျပ်အထိ မြှင့်တက်ခဲ့ပြီး ယခုအချိန်များတွင် ဟုမ္မလင်းမြို့မှဒေသထွက် ခရမ်းချဉ်သီးများအား ခန္တီးမြို့သို့တင်ပို့လာခြင်း၊ ခန္တီးမြို့အတွင်းလည်း စိုက်ပျိုးထုတ်လုပ်မှုများ ရှိလာခြင်းတို့ကြောင့် ခရမ်းချဉ်သီးများ ပေါများလာကာ ၁ ပိဿာဈေးနှုန်း(၃၀၀၀/-)ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သောကြောင့် ပြည်သူများအနေဖြင့် ဈေးနှုန်းချိုသာစွာဖြင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသောက်၍ ရနေပြီဖြစ်ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ
Feb 19,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံးရှေ့တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက် (၁၀) နာရီ အချိန်က  ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။