သတင်းများ

ဗန်းမော်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်
Feb 18,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ဖေဖေါ်ဝါရီ ၁၈ နံနက် ၈ နာရီတွင် သတ်မှတ်စုရပ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 18,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက်  အဆောက်အအုံ မှတ်တမ်းတင်ခြင်း ကွင်းဆင်း ကောက်ယူခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း  ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆေးတက္ကသိုလ်(မန္တလေး) မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ
Feb 18,2024
ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၃၀×၃၁ လမ်းကြား၊ ၇၃ လမ်းရှိ ဆေးတက္ကသိုလ် (မန္တလေး)၊ ဇီဝကခန်းမ (မန်းရတနာပုံ)တွင်  အခြေခံဆေးပညာနှစ် ၁၁/၂၀၂၃ ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေခရိုင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ဆွေးနွေးပွဲကျင်းပ
Feb 18,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲကို အ.ထ.က(၁၄) ပန်းမျိုးတစ်ရာခန်းမတွင် ယနေ့ နေ့လယ် (၁၂)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မန္တလေး၊ အ.ထ.က(၁၀) လူငယ်အဖွဲ့က အဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲပြုလုပ်
Feb 18,2024
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/ကျောင်းသူဟောင်းများ(လူငယ်)၏ အဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း မြနန္ဒာခန်းမတွင် ကျင်းပပြုလုပ်သည်။
၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲအောင်မြင်တော်မူတော်သော သံဃာတော်အား ကြိုဆိုဂုဏ်ပြု
Feb 18,2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပပြီးစီးခဲ့သော ၁၃၈၄ခုနှစ် (၂၀၂၃ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့သော မိုင်းကိုင်မြို့နယ်မှ သာသနာဓဇဓမ္မာစရိယဘွဲ့ ဆက်ကပ်ခြင်းခံရသော စာအောင်သံဃာတော်ဘဒ္ဒန္တသုန္ဒရအား ဂုဏ်ပြုကြိုဆိုပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့  ညနေ ၅ နာရီအချိန်က ရွှေမြင်ထင်မွေတော်စေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်မြို့တွင် ကျောင်းအခြေပြုစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Feb 18,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကျောင်းအခြေပြုစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းခန်းမ၌ ကျင်းပသည်။
ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်း‌ရေး အသိပညာပေး ဆောင်ရွက်
Feb 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယာဉ်တိုက်မှု လျော့နည်း‌စေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်း‌ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်နာစေရေး ပညာပေး‌ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည်။