ပျဉ်းမနား ဖေဖော်ဝါရီ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်း ကွင်းဆင်း ကောက်ယူခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင်၂၀၂၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဖြစ်သည့် အဆောက်အအစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရသည်။
မျိုးသီဟ(ပြန်/ဆက်)