ဗန်းမော်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်

ဗန်းမော် ဖေဖော်ဝါရီ ၁၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ဖေဖေါ်ဝါရီ ၁၈ နံနက် ၈ နာရီတွင် သတ်မှတ်စုရပ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ရာတွင် ဗန်းမော်မြို့ သာစည်ရပ်ကွက်၊ ဗလမင်းထင်ဂေါက်ကွင်းလမ်းဆုံ၌ စုရပ်ပြုလုပ်ကြပြီး ဗန်းမော်မြို့ နောင်ခိုရပ်ကွက်နေ ဦးသိန်းဇော်ဝင်းဦးဆောင်၍ လူအင်အား ၅၀၀ ဦးခန့်တို့ဖြင့် ဗိုလ်ချုပ်ကြီးလမ်းမအတိုင်း ထွက်ခွာခဲ့ပြီး ညောင်ပင်ရပ်ကွက်ရှိ ဘောလုံးကွင်း(စုရပ်) နေရာသို့ ရောက်ရှိလာပြီး ကြွေးကြော်သံများနှင့် ဗီနိုင်းပိုစတာများကို ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရပါသည်။

ခရိုင်(ပြန်/ဆက်)