မန္တလေး ဖေဖော်ဝါရီ ၁၈
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/ကျောင်းသူဟောင်းများ(လူငယ်)၏ အဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း မြနန္ဒာခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန္ဒာဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အငြိမ်းစားဆရာကြီး၊ ဆရာမကြီး(၃၈)ဦးတို့အား အာစရိယပူ ဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးချမ်းမြေ့ဇော်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူဟောင်း(လူငယ်)များက ပူဇော်ကန်တော့ကြပြီး ဂါရဝပြုငွေကျပ်တစ်သိန်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။ ထို့နောက် ကန်တော့ခံဆရာ၊ ဆရာမများကိုယ်စား ဆရာဦးထွန်းဦးက ဆုံးမစကားနှင့်ဆုပေးစကားပြောကြားသည်။
ဆက်လက်၍ အာစရိယပူဇော်ာ်ပွဲဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ရဲထွန်းက ကော်မတီ၏ဆောင်ရွက်မှုအကျဉ်းနှင့် ပီတိစကားပြောကြားပြီး တွဲဖက်အတွင်းရေးမှူး ဦးခန့်စည်သူက ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားသည်။ ထို့နောက် ဆရာကြီး၊ ဆရာမကြီးများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကြကြောင်း သိရသည်။
မြင့်မော်ထွန်း