နောင်ချို ဇူလိုင် ၂၃
ရှမ်းပြည်နယ်(မြောက်ပ်ုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှကြီးမှူး၍ ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲအုပ်ဟန်ထွန်းနိုင်က ကျောင်းသား၊ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်တို့အား အသိပညာဟောပြောခဲ့ပြီး မေးခွန်း(၅)ခုမေးမြန်းခဲ့ရာ ဖြေဆိုမှန်ကန်သည့် ကျောင်းသား၊ ကျောင်းသူများအား မော်တော်ဆိုင်ကယ်စီးဦးထုပ်များ ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ရီက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စိတ်ထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်