မြို့သစ်မြို့နယ်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက အသိပညာပေးဟောပြော

မြို့သစ် ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ဇူလိုင် ၂၁ ရက်နေ့မွန်းလွဲပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာဆိုင်ရာဟောပြောခြင်းကို ပုတီးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းခန်းမဆောင်တွင် အသိပညာပေးဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က ပုတီးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းသား/ကျောင်းသူတို့အား စားသုံးရန်မသင့်သော အစားအစာများ၊ ကုန်ညွှန်းအမှတ်အသားများနှင့် ဂိမ်းကစားခြင်း၏ဆိုးကျိုးများအကြောင်းကို နမူနာများနှင့်တကွ ရှင်းလင်းဟောပြောခဲ့ပြီး ဟောပြောမှုနှင့်ပတ်သက်၍ သိရှိမှတ်သားမှုရှိ/မရှိ ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ရာ ပြည့်စုံမှန်ကန်စွာဖြေဆိုနိုင်သူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း ပြန်/ဆက်