သတင်းများ

စေတုတ္တရာမြို့နယ်တွင် ဌာနဆိုင်ရာ ရုံးအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်
Feb 16,2024
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးအဆောက်အဦများအား မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး
Feb 16,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့ နံနက် (၈)နာရီမှ (၁၂ )နာရီထိ အပတ်စဥ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက္ကယ်ပြင်(သံ)ကျေးရွာမှ မီး‌‌ဘေးသင့် အိမ်‌ထောင်စုများအား‌‌ ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေး ရန်ပုံငွေများ‌ ထောက်ပံ့ပေးအပ်
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)ကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်း အစည်းဝေးခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်‌ထောင်စုများအား‌‌ ဆန်၊ ဆီ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေး ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်တွင် သီးနှံအကန့်လိုက် စိုက်ပျိုးနည်းစနစ် (Strip Cropping) ကွင်းသရုပ်ပြပွဲ တက်ရောက်
Feb 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအနီး ပင်လောင်းလမ်းဘေး တောင်သူစိုက်ကွင်းတွင် သီးနှံအကန့်လိုက်စိုက်ပျိုးနည်းစနစ် (Strip Cropping) ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
ဇလွန်မြို့နယ်တွင် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ခွေးရူးရောဂါဗိုင်းရပ်(စ်)ကြောင့်ဖြစ်သော တိရစ္ဆာန်မှ လူသို့ကူးစက်တက်သော ရောဂါမှ ကြိုတင်ကာကွယ်ရန် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၄)နာရီတွင် တောင်ပို့တရာ ကျေးရွာအုပ်စု သီရိမင်္ဂလာဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အမာမြို့ ၌ မြို့မ(၃) ရပ်ကွက်တွင် မိုဘိုင်းစာကြည့်တိုက် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ ရရှိသော ဗဟုသုတ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော စာဖတ်ပရိသတ်များထံ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က အမာမြို့ (၃)ရပ်ကွက်အတွင်းရှိ စာငှားသူများထံသို့ သွားရောက်ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုဒေသစားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Feb 16,2024
မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုဒေသ စားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေ‌ဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲက ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ လေကြောင်းခရီးဖြင့် သွားရောက်ပြီး ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူး သင်တန်းဖွင့်
Feb 16,2024
အခမ်းအနားမှူး တာဝန်ပေးအပ်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် အခမ်းအနားမှူး သင်တန်းကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် (၁)နာရီခန့်က စတင်ဖွင့်လှစ် လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။