အမာမြို့ ၌ မြို့မ(၃) ရပ်ကွက်တွင် မိုဘိုင်းစာကြည့်တိုက် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အမာ ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ ရရှိသော ဗဟုသုတ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော စာဖတ်ပရိသတ်များထံ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က အမာမြို့ (၃)ရပ်ကွက်အတွင်းရှိ စာငှားသူများထံသို့ သွားရောက်ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်များ ငှားရမ်းပေးခြင်း ဆောင်ရွက်ရာတွင် အမာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေပြီး စာဖတ်ရှိန် မြင့်မားလာစေရေးနှင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် သုတစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္တုစာအုပ်များနှင့် ကလေးများအတွက် ရုပ်ပြ၊ ပုံပြင်စာအုပ်များ စုံလင်စွာ ယူဆောင်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်း‌‌ပေးခဲ့ရာ စာကြည့်တိုက် အသင်းဝင်(၇)ဦးအား သုတ(၁၂)အုပ်၊ ရသ(၉)အုပ်တို့ကို ငှားရမ်းပေးခဲ့ပြီး၊ ယခင် ငှားရမ်းထားသည့် သုတ၊ ရသ စာအုပ်/စာစောင်များကို စနစ်တကျ ပြန်လည် သိမ်းဆည်းခဲ့ကြောင်းနှင့် မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို နှစ်ပတ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမာ(ပြန်/ဆက်)