သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်တွင် နွေစပါးမျိုးစေ့ချ ကိရိယာဖြင့် မျိုးစေ့ချခြင်းအခမ်းအနားအား တက်ရောက်ကြည့်ရှုအားပေး
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင်  နွေစပါးမျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နေ့‌လည် (၂) နာရီအချိန်က အပင်နှစ်ဆယ် ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်‌ကျေးရွာတွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့က တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
လေးမျက်နှာမြို့နယ်တွင် အယူခံဝင်ခြင်း အသိပညာပေး (Talk Show) ပြုလုပ်
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ယနေ့နံနက်ပိုင်းက အယူခံဝင်ခြင်း အသိပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။
ချောင်းသာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်း ဒုတိယမြောက်နေ့ ဆက်လက်ဆောင်ရွက်
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ချောင်းသာတိုက်နယ်ကျန်းမာရေးဌာနတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် မီးဘေးလုံခြုံရေး စစ်ဆေးလျက်ရှိ
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့များဖြင့် ယမန်နေ့က လေးမျက်နှာမြို့ အောင်မင်္ဂလာဈေးနှင့် အိုင်သပြုဈေးများရှိ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု၊ မီးသုံးစွဲမှုများအား လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။  
စစ်ကိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ လူမှုဖူလုံရေးအကျိုးခံစားခွင့်ဆွေးနွေးပွဲကျင်းပ
Feb 16,2024
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြညသူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းမြို့နယ် လူမှုဖူလုံရေးအဖွဲ့တို့ပူးပေါင်း၍ လူမှုဖူလုံရေးအကျိုးခံစားခွင့် အသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၁၆)ရက်၊ နံနက်ပိုင်းက အဆိုပါရုံးရှိလူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့တွင် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Feb 16,2024
လားရှိုးမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ အပတ်စဉ်(၃၂) သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့ သူနာပြုသင်တန်းခန်းမတွင် ကျင်းပသည်။
မိုင်းပျဥ်းမြို့  ထေရဝါဒဘုန်းကြီးကျောင်း၌ သင်ထောက်ကူပစ္စည်းများ သွားရောက်လှူဒါန်း
Feb 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့‌၊ ထေရဝါဒဘုန်းကြီးကျောင်း၌ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ စာသင်သားကိုရင်များအား သင်ထောက်ကူပစ္စည်းများ သွားရောက်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀နာရီက အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်တွင် ဓနိဖက်တံစိပ် လုပ်ကိုင်သူများ ယခင်နှစ်ကထက် ဈေးကောင်းရရှိ
Feb 16,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်သည် သဘာဝရာသီဥတု၊ ရေခံမြေခံကောင်းသဖြင့် ဝါးအများဆုံးပေါက်ရောက်ပြီး ဒေသထွက်ဝါးဖြင့် ဖက်တံစိပ်ကာ ရောင်းချကြသူများ ယခင်နှစ်ကထက် ဖက်တံဈေးပိုရကြောင်း သိရသည်။