သတင်းများ

တာမွေမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ယာဉ်လမ်းအန္တရာယ် ကင်းရှင်းစွာသွားလာတတ်စေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က ယာဉ်ထိန်းတပ်ဖွဲ့စု (၂၅) မှ ဒုရဲမှူးအေးသန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပါဝင်သော ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းဆေးကုသ
Feb 16,2024
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို လက်လှမ်းမီရရှိရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေး ကုသမှုစရိတ် လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ရေတာရှည်မြို့နယ် ရေနီမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲ ဆောင်ရွက်
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရေနီမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ရေနီမြို့ စည်ပင်သာယာရေးစျေးအတွင်း ဆောင်ရွက်ခဲ့သည်။
ရွှေဘိုတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကျင်းပ
Feb 16,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုတတ္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပထမနှစ်​ နေ့သင်တန်းများအတွက် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန် အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် မီးဘေးလုံခြုံရေး စစ်ဆေးလျက်ရှိ
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့များဖြင့် ယမန်နေ့က လေးမျက်နှာမြို့ အောင်မင်္ဂလာဈေးနှင့် အိုင်သပြုဈေးများရှိ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု၊ မီးသုံးစွဲမှုများအား လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ပြည်လုံးကျွတ်လူဦးရေနှင့်အိမ်အကြောင်း သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် မြို့ပြ Census Unit များတွင် အဆောက်အအုံတင်ခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်း လုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေး
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်း သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြို့ပြ Census Unit များတွင် အဆောက်အအုံတင်ခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်း လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တွန်းဇံမြို့တွင် ကျေးရွာစီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း (RBF) စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Feb 16,2024
ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာစီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ဇမ်ပီးကျေးရွာအုပ်စု၊ ဇမ်ပီးကျေးရွာ "ဝဥ" စိုက်ပျိုးရေးအဖွဲ့ (၄)ဖွဲ့၏ လုပ်ငန်းများအား တာဝန်ရှိသူများမှ ယမန်နေ့က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် ( Video Editing) သင်တန်းဖွင့်လှစ်
Feb 16,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (Mobile Phone) ဖြင့် Video Editing သင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။