သတင်းများ

ဘိုကလေးမြို့နယ်တွင် နိကာယ်ငါးရပ် စာမေးပွဲဖြေဆိုရန် ကြွရောက်လာသည့် ရဟန်း၊ ရှင်သာမဏေများအား ကြိုဆိုလှည့်လည်
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္ဇနိကာယမဟာသီဝံကျောင်းတိုက်တွင် (၃၁)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြမည့် ဖျာပုံမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘိုကလေးမြို့နယ်အတွင်းမှ ရဟန်းတော်များ၊ ရှင်သာမဏေများအား ယမန်နေ့ ညနေ(၃)နာရီ အချိန်၌ ဘိုကလေး-စက်ဆန်း လမ်းဆုံ၊ အမှတ်(၁၈)လမ်း၌ စုရပ်ထား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် ဌာနဆိုင်ရာများ၊ စာမေးပွဲကျင်းပရေး ကော်မတီဝင်များ ကြိုဆို၍ မြို့နယ်တွင်း လှည့်လည်ခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲများ ဖြေဆို
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူ‌ရေးအထက်တန်းကျောင်းတို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နှစ်ဆုံးကျောင်းတွင်စစ် စာမေးပွဲများကို ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့တွင်လည်း အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။
စလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေပြီး တပ်ဖွဲ့ဝင်များ စွမ်းရည်ပိုမိုမြင့်မားရေး လေ့ကျင့်ပေးလျက်ရှိ
Feb 16,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ပိုမိုမြင့်မားရေး  နေ့စဥ်လေ့ကျင့်ပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းအုပ်စု ကွင်းအမှတ်- ၁၆၂၃(က) လယ်ကွက်ရှိ သီးနှံ(၁၈)မျိုး စိုက်ပျိုးထားမှုအား လာရောက်ကြည့်ရှု
Feb 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းအုပ်စု ကွင်းအမှတ်-၁၆၂၃(က) လယ်ကွက်ရှိ သီးနှံ(၁၈)မျိုး စိုက်ပျိုးထားမှုများကို ယနေ့နံနက် ၉ နာရီ၊ ၃၀ မိနစ်က နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့နှင့်အတူ လာရောက်ကြည့်ရှုခဲ့သည်။
ပြင်ဦးလွင်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁ /၂၀၂၄ ) သင်တန်းဆင်းပွဲကျင်းပ
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင်  ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/ ၂၀၂၄ )  သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက   ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၆)၊ ကန်တော်လေးကန်ဘောင်၌ကျင်းပပြုလုပ်ရာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲကျင်းပ
Feb 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ မင်္ဂလာတောင်ညွန့်မြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အလုပ်အမှုဆောင်အဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်(၁၀း၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်း စာမေးပွဲ စတုတ္ထနေ့ (ပထဝီဝင်)ဘာသာရပ်အေးချမ်းစွာဖြေဆို
Feb 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ  (၂၀)ရက်နေ့အထိ  စစ်ဆေးသွားမည်ဖြစ်ရာ စတုတ္ထနေ့(ပထဝီဝင်)ဘာသာရပ်အား ယနေ့နံနက်(၉) နာရီအချိန်တွင် သံတောင်ကြီးမြို့  အခြေခံပညာအထက်တန်းကျောင်းတွင် Grade – 4၊ Grade – 6 ၊ Grade – 7၊ Grade – 8၊ Grade – 10၊ Grade – 11 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။         
ဒေသဝမ်းစာဖူလုံရေး၊ စားရေရိက္ခာဖူလုံရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နူန်းရရှိရေးနှင့် ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးရေးနည်းပညာပေး ဆွေနွေးပွဲကျင်းပ
Feb 16,2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့အတွင်းမှ တောင်သူများအနေဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး စိုက်ပျိုးရေး နည်းပညာပေးပွဲကို ဖေဖော်ဝါရီလ(၁၄)ရက်နေ့က ပန်ဆောင်မြို့ ရိပ်သာခန်းမ၌ ကျင်းပခဲ့သည်။