သတင်းများ

မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Feb 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ ညနေ့ ၃ နာရီခွဲအချိန်က အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဝေါဟာရ ကြွယ်ဝစေရန်၊ တီထွင်ကြံဆမှု စွမ်းရည်များ ဖွံ့ဖြိုးစေရန်၊သင်္ချာကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ထန်းတပင်မြို့နယ်၌ Mobile Payment အသုံးပြု၍ချေးငွေထုတ်ချေးပေးနေ
Feb 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမျာအား Mobile Financial Payment အသုံးပြု၍ ချေးငွေထုတ်ယူခြင်းအစီအစဉ်ကိုဆောင်ရွက်ပေးလျက်ရှိပြီး ဖေဖော်ဝါရီလ(၁၅)ရက်နေ့က ဘူးသနွတ်ကျေးရွာအုပ်စု၊ ရခိုင်စုကျေးရွာတွင်  Mobile Financial Payment အသုံးပြု၍ ချေးငွေထုတ်ယူခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မိုင်းယောင်းမြို့၌ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးအသိပညာပေး
Feb 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့တွင် တာဝန်ရှိသူများက စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးမောက်မြို့၊ ကြံခင်းကျေးရွာ၌ ဆောင်းသီးနှံ သီးထပ်မြေပဲ စိုက်ပျိုးမှု ကွင်းဆင်းကြည့်ရှု
Feb 16,2024
ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ် နိုင်ငံစီးပွားမြင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မံပုံကျေးရွာအုပ်စု ၊ ကြံခင်းကျေးရွာ ပိတောက်ရိပ် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းရှိ အသင်းသား တောင်သူများ၏ ဆောင်းသီးနှံသီးထပ်အဖြစ် မြေပဲစိုက်ပျိုးထားရှိမှု အခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်(၁၀)နာရီတွင် ကွင်းဆင်း ကြည့်ရှုခဲ့ပါသည်။
ကျောက်တံခါးမြို့နယ်တွင် ဂန္ဓာမာပန်းစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ အုန်းနှဲရိုးကျေးရွာတွင် ဘုရားပန်းများဖြစ်သည့် မေမြို့ပန်း၊ ကြယ်ပန်းများစိုက်ပျိုးသည့်အပြင် ဂန္ဓာမာပန်းများလည်းစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်တွင် ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ
Feb 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီ မိနစ် ၃၀ အချိန်က ဓနုတ်စံပြကျေးရွာရှိ သမိုင်းဝင်ကျိုက်ဓနုတ် ဆံတော်ရှင်စေတီတော်မြတ်ကြီး၌ ကျင်းပခဲ့သည်။
အာလူးဈေးကောင်းမွန်နေခြင်းကြောင့် ရေသွင်းအာလူးစိုက်ပျိုးသည့် တောင်သူများပြား
Feb 16,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ အာလူးစိုက်တောင်သူများ အာလူးဈေးနှုန်းပုံမှန်အနေအထားတွင် ရှိနေခြင်းကြောင့် အာလူးစိုက်တောင်သူများ ရေသွင်းအာလူးကို ပိုမိုစိုက်ပျိုးကြကြောင်း အာလူးစိုက်ပျိုးနေသည့် တောင်သူတစ်ဦးထံမှ သိရသည်။