သတင်းများ

အာလူးဈေးကောင်းမွန်နေခြင်းကြောင့် ရေသွင်းအာလူးစိုက်ပျိုးသည့် တောင်သူများပြား
Feb 16,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ အာလူးစိုက်တောင်သူများ အာလူးဈေးနှုန်းပုံမှန်အနေအထားတွင် ရှိနေခြင်းကြောင့် အာလူးစိုက်တောင်သူများ ရေသွင်းအာလူးကို ပိုမိုစိုက်ပျိုးကြကြောင်း အာလူးစိုက်ပျိုးနေသည့် တောင်သူတစ်ဦးထံမှ သိရသည်။
ပန်းတနော်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး တစ်အိမ်တက်/ဆင်း လိုက်လံ အသိပညာပေး စစ်ဆေး
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပွင့်လင်းရာသီ ရောက်ရှိလာသဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တစ်အိမ် တက်/ဆင်း လိုက်လံ အသိပညာပေးစစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက အလယ်ပိုင်း ရပ်ကွက် ဒေါနခြံတွင် ဆောင်ရွက်ခဲ့သည်။
တံတားဦးမြို့နယ်တွင် ဆောက်လုပ်လျက်ရှိသည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်နေမှုကို ကျောက်ဆည်တက္ကသိုလ်မှ ဒုတိယညွှန်ကြားရေးမှူး ကြည့်ရှုစစ်ဆေး
Feb 16,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း တည်ဆောက်နေမှုကို ကျောက်ဆည်တက္ကသိုလ်မှ ဒုတတိယညွှန်ကြားရေးမှူး ဦးစန်းမောင် ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။
ပေါင်းတည်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေး
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပွင့်လင်းရာသီတွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံပိုင်အဆောက်အဦများ မီးလောင်ဆုံးရှုံးမှု မဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကို အလေးထားကာ မြို့နယ်မီးသတ်ဦးစီးဌာနမှ နေ့စဉ်အရှိန်အဟုန်မြှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့၌ ကလေးငယ်များ ကာယ၊ ဉာဏ ဖွံ့ဖြိုးရေး စွမ်းရည်ပြိုင်ပွဲများပြုလုပ်
Feb 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကလေးငယ်များ ကာယ၊ ဉာဏ စွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ စကောရွက်ပြိုင်ပွဲ၊ အိတ်စွတ်၊ ဝက်မောင်း၊ ဖားခုန်နှင့် ခြေတပေါင်ကျိုးပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ကလေးကစားကွင်း၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် သမဝါယမဦးစီးဌာနအသင်းသစ်ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပ
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချိုသာထွန်းငွေစုငွေချေး သမဝါယမအသင်း၏ အသင်းစုသစ် ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အကွက်(၅၀၃) အောင်မင်္ဂလာ၊ ကျွန်းလုံးဥသျှောင် ရပ်ကွက် သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မရမ်းကုန်းမြို့နယ်အတွင်း တပ်ဆင်ထားသော(Hydrant)မြေအောက်ရေပိုက်ခေါင်းများ ကောင်းမွန်အသင့်ရှိရေး လိုက်လံစစ်ဆေး
Feb 16,2024
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွားစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်းတပ်ဆင်ထားရှိသော (Hydrant)မြေအောက်ရေပိုက်‌ခေါင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့၌ လုံခြုံရေးကိစ္စရပ်များနှင့်ပက်သက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲပြုလုပ်
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ လုံခြုံရေးကိစ္စရပ်များနှင့်ပက်သက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။