သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်း စာမေးပွဲ စတုတ္ထနေ့ (ပထဝီဝင်)ဘာသာရပ်အေးချမ်းစွာဖြေဆို

သံတောင်ကြီး ဖေဖော်ဝါရီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ  (၂၀)ရက်နေ့အထိ  စစ်ဆေးသွားမည်ဖြစ်ရာ စတုတ္ထနေ့(ပထဝီဝင်)ဘာသာရပ်အား ယနေ့နံနက်(၉) နာရီအချိန်တွင် သံတောင်ကြီးမြို့  အခြေခံပညာအထက်တန်းကျောင်းတွင် Grade – 4 Grade – 6 Grade – 7 Grade – 8 Grade – 10 Grade – 11 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။         

သံတောင်ကြီးမြို့နယ်တွင်  ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၌  ကျောင်းသူ/ကျောင်းသားများမှာ အေးချမ်းပျော်ရွင်စွာ ပညာသင်ယူခဲ့ကြပြီး ယနေ့၌ အတန်းတင်စာမေးပွဲ စတုတ္ထနေ့(ပထဝီဝင်)ဘာသာရပ် အေးချမ်းစွာဖြေဆိုလျက်ရှိသည်။

အဆိုပါစာမေးပွဲဖြေဆိုနေမှုကို ကျောင်းအုပ်ဆရာမကြီး  ဒေါ်လိုအေးနှင့်  တာဝန်ကျဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ