ပန်ဆောင် ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့အတွင်းမှ တောင်သူများအနေဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး စိုက်ပျိုးရေး နည်းပညာပေးပွဲကို ဖေဖော်ဝါရီလ(၁၄)ရက်နေ့က ပန်ဆောင်မြို့ ရိပ်သာခန်းမ၌ ကျင်းပခဲ့သည်။
ဆွေနွေးပွဲတွင် ပန်ဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးယိန်းဝါးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လက်ထောက်ညွန်ကြားရေးမှူး ဦးမြင့်လွင်က ပန်ဆောင်မြို့အတွင်းရှိ ရပ်ကွက်ကျေးရွာတို့မှ ဒေသခံတောင်သူများအား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ အကြောင်းကို ရှင်းလင်းခဲ့သည်။
“အဓိကအားဖြင့် စိုက်ပျိုးတဲ့ ဘိန်းအစားထိုး ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ဘေးအန္တရာယ်ကင်းရှင်းဖို့နဲ့ သြဂဲနစ်အဖြစ် စိုက်ပျိုးသွားနိုင်ဖို့ ရည်ရွယ်ပြီး တောင်သူတွေကို အသိပညာပေးခြင်းဖြစ်ပါတယ်” ဟု ဦးစီးအရာရှိက ပြောကြားသည်။
ဆွေးနွေးပွဲတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ စိုက်ပျိုးရာတွင် အန္တရာယ်ကင်းစေသည့် အလေ့အကျင့်ကောင်းများ၊ မြေဆီလွှာ တိုးတက်ကောင်းမွန်စေရန် ပြုပြင်သည့် နည်းစနစ်များ၊ မျိုးကောင်းမျိုးသန့် သုံးစွဲခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများ၊ ပိုးသတ်ဆေးနှင့် မြေသြဇာ စနစ်တကျ သုံးစွဲခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ ပိုးသတ်ဆေးနှင့် မြေသြဇာ စနစ်တကျ သုံးစွဲနည်းစနစ်များ၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများကို ပို့ချခဲ့ပြီး ဒေသခံတောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေနွေးခဲ့ကြသည်။
ဂျာယော်(ပန်ဆောင်)