သတင်းများ

တာချီလိတ်မြို့ ဘိုးဘွားရိပ်သာနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများသို့ ဆန်၊ ဆီနှင့် ငါးသေတ္တာများ ထောက်ပံ့လှူဒါန်း
Dec 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေ့ရဲကျေးရွာရှိ ရွှေတောင်တန်း၊ အောင်မင်္ဂလာ ဘုန်းတော်ကြီးသင် ပညာရေးနှင့်လူငယ်ဖွံ့ဖြိုးရေး(ပရဟိတ)ကျောင်းများသို့ ဆန်၊ ဆီ၊ ငါးသေတ္တာများကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။
ချောင်းဦးမြို့တွင် ဓာတုလျှော့ချအဟာရပြည့်ဝသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ခင်း Home Garden စိုက်ပျိုးနည်းပညာပေးပြပွဲ ပြုလုပ်
Dec 06,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ စားရေရိက္ခာဖူလုံရေးနှင့် လတ်ဆပ်ပြီး ဓာတုလျှော့ချအဟာရပြည့်ဝသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ပြည်သူများကိုယ်တိုင်စိုက်ပျိုးစားသုံးနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း Home Gardenတွင် စိုက်ပျိုးထားသည့် ဓာတုလျှော့ချအဟာရပြည့်ဝသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ခင်းစိုက်ပျိုးနည်း ပညာပေးပြပွဲအား ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၅/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Dec 06,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှု၊ ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၅/၂၀၂၄)သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ(၄)ရက်နေ့ နံနက်(၁၀) နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒက္ခိဏသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကျင်းပ
Dec 06,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ဒီဇင်ဘာလ (၄) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်အုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွာသစ်တွင် ကျင်းပသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ
Dec 06,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်  မြို့နယ်အဆင့် အလယ်တန်း၊  အထက်တန်းအဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ဒီဇင်ဘာ  (၄) ရက် နံနက် ၉ နာရီက (အ.ထ.က) ကျိုက်မရောကျောင်း၌ ကျင်းပသည်။
ကျိုင်းတုံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပ
Dec 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ကျန်းမာပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ရပ်ရွာလူထု ဖြစ်ပေါ်လာစေရေန် တည်ဆောက်ခြင်းစီမံချက်မှ ပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့က မြို့နယ်စည်ပင်သာယာခန်းမတွင် ကျင်းပသည်။
ကျိုက်မရောမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၌ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Dec 06,2024
ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်  ဌာနဆိုင်ရာ  တာဝန်ရှိသူများ ပူးပေါင်း၍  မြို့နယ်အတွင်း ဆန်နှင့် အခြားစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိကို ဒီဇင်ဘာ(၄)ရက်နေ့ နေ့လယ်ပိုင်းက ပိန်းနဲကုန်းစျေးကြီး၌ ကွင်းဆင်းခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၊ အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 06,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်သည်။