သတင်းများ

မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 16,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ ပဲတီစိမ်းစိုက်တောင်သူများစျေးကောင်းရရန် မျှော်လင့်
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပဲတီစိမ်းကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်းနှင့် တောင်သူများအနေဖြင့် စျေးကောင်းရရှိရန်လည်း မျှော်လင့်စောင့်စားနေကြကြောင်း သိရသည်။
ငါန်းဇွန်မြို့မ စည်ပင်သာယာဈေးအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ
Feb 16,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့မ စည်ပင်သာယာဈေးအတွင်း၌ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မီဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံ၊ နံရံကပ်ပြပွဲ ကျင်းပ
Feb 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ဓာတ်ပုံ၊ နံရံကပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့ အမှတ်(၁)အ.မ.က၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ
Feb 16,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ မြင့်မားရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပိုင်ကျုံမြို့ မိုးနိုင်း-ညာပရော-မိကြောင်ရွာချင်းဆက်လမ်းပေါ်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်  Box Culvert များ တည်ဆောက်ပေး
Feb 16,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက်လမ်း မြေသားလမ်းပေါ်တွင် Box Culverများ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် သတင်းတု၊ သတင်းမှားနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခြင်းများပြုလုပ်
Feb 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် သတင်းတု၊ သတင်းမှားနဲ့ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။