သတင်းများ

ဒေါပုံမြို့နယ်၌ အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၌ ဗိုလ်တထောင်ခရိုင်၊ သန်လျင်ခရိုင်၊ ကျောက်တံတားခရိုင်၊ အလုံခရိုင် အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြီးမှူး၍ အမျိုးသားယဥ်ကျေးမှု စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ်၊ အမျိုးသမီးများဆိုင်ရာ အကာအကွယ်ပေးထားသည့် အခွင့်အရေးဥပဒေအကြောင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ (၄) ရက် နံနက် (၉) နာရီက ဒေါပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်လေးခရိုင်အတွင်းရှိ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရာဂိမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးဧရိယာများ၌ ပြန်လည်အစားထိုးစိုက်ပျိုးသည့် သီးနှံများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းသော ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများပေးအပ်ပွဲအခမ်းအနား ပြုလုပ်
Dec 06,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် ရာဂိမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးဧရိယာများ၌ ပြန်လည်အစားထိုးစိုက်ပျိုးသည့် သီးနှံများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှလှူဒါန်းသော ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၄ ရက် နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန သင်တ​န်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Dec 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပေါင်းတည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကျင်းပ
Dec 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ပေါင်းတည်မြို့နယ်၊ မှတ်တိုင်လမ်း၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဒေးဒရဲမြို့နယ်၊ လမုဝကျေးရွာတွင် ဒေသထွက်ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေး ကျေးရွာဆိပ်ခံတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
Dec 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊​ လမုဝကျေးရွာရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်စည်များ ကုန်ကျစရိတ်သက်သာစွာ သယ်ယူပို့ဆောင်နိုင်ရေးရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၅၀)ဖြင့် အောင်ပိုင်နေလင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့်​ကျေးရွာဆိပ်ခံတံတား တည်ဆောက်နေမှုအား ယမန်နေ့နံနက်ပိုင်းက ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးထက်အောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ဘက်စုံလူရည်ချွန်ရွေးချယ်ရေး ဆန်းစစ်ချက်စာမေးပွဲ ကျင်းပ
Dec 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသားလူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ရန်ရည်ရွယ်၍ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အထက်တန်း ဘက်စုံလူရည်ချွန်ရွေးချယ်ရေး ဆန်းစစ်ချက်စာမေးပွဲကို ယမန်နေ့နံနက် (၉)နာရီက မြန်မာစာဘာသာရပ် ပါဝင်သော အထွေထွေဗဟုသုတဆိုင်ရာဘာသာရပ်ကို ဖြေဆို‌ခဲ့ကြောင်းသိရသည်။
ပဲခူးမြို့နယ်အတွင်းရှိ ဈေးများအား မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Dec 05,2024
ပြည်သူလူထူအား မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော မတော်တဆမှုများ ဖြစ်ပွားပေါ်ပေါက်လာပါက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိဈေးများအား မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး၊ မီးလောင်မှုများ မပေါ်ပေါက်စေရေးနှင့် မီးလောင်မှုကြောင့်ဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ကွန်ဟိန်းမြို့နယ်အတွင်း ကျေးလက်နေပြည်သူများအား စွမ်းအားမြှင့် မီးဖိုများအခမဲ့ဖြန့်ဝေပေး
Dec 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော ကျေးလက်နေပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုးရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန(Climate Change Centre-CCC)နှင့် ပူးပေါင်း၍ စွမ်းအားမြှင့်မီးဖိုများကို ဒီဇင်ဘာလ (၁)ရက်နေ့ မှစတင်၍ ကွန်ဟိန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။