သတင်းများ

မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Dec 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး နယ်လှည့်ဖြစ်‌သော ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ ဘိန်းအစားထိုးသီးနှံမျိုးစေ့အား ကျေးရွာအုပ်စုများသို့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဘိန်းအစားထိုးသီးနှံမျိုးစေ့အား ကျေးရွာအုပ်စုများသို့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲမှူး မြင့်အောင်၊ မြို့နယ်စီမံကိန်း၊ မြို့နယ်မြေစာရင်း၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်ဥပဒေအကြံပြု၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ငလျင်​ဘေးနှင့် မိုးကြိုး​ဘေးအန္တရာယ် အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ
Dec 05,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက​ဆောင်ရွက်သည့် ငလျင်​ဘေးနှင့် ​မိုးကြိုးဘေးအန္တရာယ်များဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ယနေ့တွင် အခြေခံပညာအထက်တန်း​ကျောင်း(ဟိုနား)၌ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကျင်းပ
Dec 05,2024
ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၊ “သုခပညာခန်းမ”၌ ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ကြသည်။
၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် မောက်မယ်မြို့နယ်၌ ဧည့်မထမိုးစပါးစံကွက်ရိတ်သိမ်း
Dec 05,2024
ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်မှုကို သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မြို့မအုပ်စု၊ ကွင်းအမှတ်(၂၀)၊ ဦးပိုင်အမှတ်(၃/က)တောင်သူ ဦးဥတ္တမ၏ လယ်မြေ၌ ဘက်စုံအဆင့်မြင့် နည်းပညာသုံးဘောင်ပျိုးစနစ်ပျိုးထောင်ပြီး ဧည့်မထမိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ
Dec 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့နေ့လယ် ၁၂ နာရီ ၁၅ မိနစ်နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ
Dec 05,2024
ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ဆီဆိုင်မြို့နယ်၌ မြိုနယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲဖြေဆို
Dec 05,2024
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဆီဆိုင်မြိုနယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၄−၂၀၂၅ ပညာသင်နှစ် မြိုနယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌  ဖြေဆိုလျက်ရှိသည်။