ကျေးရွာကုန်ထုတ်လမ်း ရေမြောင်းနှင့် ရေထုတ်ပြွန် လုပ်ငန်းများပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Feb 16,2024
ချင်းပြည်နယ် တွန်းဇံမြို့နယ် တွီးမွီကျေးရွာအုပ်စု၊ ဆဲလ်ဘုန်းကျေးရွာ၌ ဆောင်ရွက်သည့် ကျေးရွာကုန်ထုတ်လမ်း၊ ရေမြောင်းနှင့် ရေထုတ်ပြွန်(၃)စင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများကို တွန်းဇံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထောင်းဆွမ်းမုန်နှင့် ဝန်ထမ်းများက ဖေဖော်ဝါရီ (၁၄)နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။