ကျိုက်မရော ဒီဇင်ဘာ ၆
၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အလယ်တန်း၊ အထက်တန်းအဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ဒီဇင်ဘာ (၄) ရက် နံနက် ၉ နာရီက (အ.ထ.က) ကျိုက်မရောကျောင်း၌ ကျင်းပသည်။
မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာဘာသာရပ် ရေးဖြေစစ်ဆေးမှုကို အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၉)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆)ဦး စုစုပေါင်း (၅၅) ဦးတို့ ဝင်ရောက်ဖြေဆိုကြသည်။
အဆိုပါ စာမေးပွဲကို ဒီဇင်ဘာ (၅) ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ ဒီဇင်ဘာ (၆) ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှု အားကစားနည်းငါးမျိုးကို ဖြေဆိုကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)