ကျိုက်မရောမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၌ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကျိုက်မရော ဒီဇင်ဘာ 

ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်  ဌာနဆိုင်ရာ  တာဝန်ရှိသူများ ပူးပေါင်း၍  မြို့နယ်အတွင်း ဆန်နှင့် အခြားစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိကို ဒီဇင်ဘာ(၄)ရက်နေ့ နေ့လယ်ပိုင်းက ပိန်းနဲကုန်းစျေးကြီး၌ ကွင်းဆင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကုန်စျေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် ကုန်စုံဆိုင်များ၌ ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ  ဦးစိုးညီညီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ကုန်စုံဆိုင်၊ ဆန်ဆိုင်များသို့ သွားရောက်၍  ဆန်စျေးနှုန်း၊ စားအုန်းဆီစျေးနှူန်းများအား သတ်မှတ်ထားသည့် ရည်ညွှန်းစျေးထက် ပိုမိုရောင်းချခြင်း၊ တရားမဝင်သိုလှောင်ထားခြင်း ရှိ/မရှိတို့ကို  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)