မင်းလှ ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အခြေခံပညာဦးစီးဌာနကကြီးမှူး၍ မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား/ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီကစတင်၍ အခြေခံပညာအထက်တန်းကျောင်း (မြို့ပြင်) တွင် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူရည်ချွန်စာမေးပွဲကို မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြည်ကြည်ချို ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ဖြေဆိုလျက်ရှိရာ (Grade- 9) တွင် ကျောင်းသား၊ ကျောင်းသူ(၂၆)ဦး၊ (Grade-10) တွင် ကျောင်းသား၊ ကျောင်းသူ (၁၄) ဦး၊ (Grade-11)တွင် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦးနှင့် (Grade -12) တွင် ကျောင်းသား၊ ကျောင်းသူ (၇) ဦး စုစုပေါင်း (၅၉) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့မှ (၆) ရက်နေ့ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များနှင့် လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းများကို ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါက်စ