ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၃)အောက် အမျိုးသားဘတ်စကက်ဘော(အုပ်စု)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၆

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၃)အောက် အမျိုးသားဘတ်စကက်ဘော(အုပ်စု)ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲများတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးကိုယ်စားပြုအသင်းများဖြစ်ကြသော ရမှတ် ၅၇ မှတ်ရရှိသော နေပြည်တော်အသင်းမှ ရမှတ် ၄၀ ရရှိသော တနင်္သာရီတိုင်းဒေသကြီးအသင်းအား အနိုင်ရရှိ၍လည်းကောင်း၊ ရမှတ် ၉၆ မှတ်ရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းမှ ရမှတ် ၅၄ မှတ်ရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား အနိုင်ရရှိ၍လည်းကောင်း၊ ရမှတ် ၈၆ မှတ်ရရှိသော ကရင်ပြည်နယ်အသင်းမှ ရမှတ် ၅၂ မှတ်ရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား အနိုင်ရရှိ၍လည်းကောင်း၊ ရမှတ် ၉၂ မှတ်ရရှိသော ရှမ်းပြည်နယ်အသင်းမှ ရမှတ် ၄၃ မှတ်ရရှိသော မွန်ပြည်နယ်အသင်းအား အနိုင်ရရှိ၍လည်းကောင်း၊ ရမှတ် ၇၅ မှတ်ရရှိသော ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ ရမှတ် ၆၅ မှတ်ရရှိသော ကချင်အသင်းအား အနိုင်ရရှိခဲ့ပြီး ကွာတာဖိုင်နယ် ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)