မင်းလှမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းကွင်းဆင်းဆောင်ရွက်

မင်းလှ ဒီဇင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ အသိပညာဗသုသုတများ တိုးပွား‌လာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၄ က အ.မ.က ပြည်တော်သာကျောင်း၌ ပြုလုပ်ခဲ့သည်။

အသိပညာပေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်နှင့် ဒုတိယဦးစီးမှူးဒေါ်ဇင်မာဝင်းတို့က ကျောင်းသား/သူများအား စာဖတ်စေခြင်းရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သောအကျိုးကျေးဇူးများ၊ လူကုန်ကူးမှုအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝ‌ဘေး အန္တရာယ်သိကောင်းစရာကို ပြောကြားသည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသား/သူလေးများအား သုတ၊ ရသ၊ စာစောင်များကို ဖတ်ရှု့စေခြင်းအပြင် လူကုန်ကူးမှုနှင့် သဘာဝဘေး အန္တရာယ်သိကောင်းစရာ၊ ကလေးအလုပ်သမားပပျောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးစသည့် နံရံ ကပ်စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)