ဘိုကလေး ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စားအုန်းဆီများ ဈေးနှုန်းချိုသာသော ရည်ညွှန်ဈေးဖြင့် ဝယ်ယူနိုင်ရေးအတွက် ဘိုကလေးမြို့ပေါ် ရပ်ကွက်များတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားအုန်းဆီဝယ်ယူခွင့်လက်မှတ်များ ထုတ်ပေးလျက်ရှိသည်။
လက်မှတ်များထုတ်ပေးရာတွင် အိမ်ထောင်စုတစ်စုလျှင် ဝယ်ယူခွင့်လက်မှတ်စာအုပ် (၁)စောင်နှုန်း ထုတ်ပေးခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် ၎င်းဝယ်ယူခွင့် လက်မှတ်ဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားသော ဆီအရောင်းဆိုင်များတွင် (၁၀)ရက်လျှင် (၅၀)သားနှုန်းဖြင့်(၁)လလျှင်(၁)ပိဿာ (၅၀)ကျပ်သားနှုန်းအား ရည်ညွှန်းဈေးဖြင့် သက်သာစွာဝယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါ ဆီဝယ်ယူခွင့်လက်မှတ်များ ထုတ်ပေးခြင်းလုပ်ငန်း အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာဌာနများအား ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကလည်း ကူညီပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)