အိမ်မဲမြို့နယ် တကောကျေးရွာတွင် ဆောင်းနေကြာ (၅)ဧက စံပြစိုက်ခင်း မျိုးစေ့ချပွဲကျင်းပ

အိမ်မဲ ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ တကောကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ မြို့နယ်သမဝါယမအသင်းစုမှ စားသုံးဆီဖူလုံစေရေးအတွက်ရည်ရွယ်ပြီး ဆောင်းနေကြာ(၅)ဧက စံပြစိုက်ခင်း မျိုးစေ့ချပွဲအခမ်းအနားအား ယမန်နေ့နံနက်(၈)နာရီ (၃၀)မိနစ်အချိန်တွင် ကျင်းပခဲ့သည်။

အဆိုပါ မျိုးစေ့ချပွဲအခမ်းအနားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ သမဝါယမဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ တောင်သူများတက်ရောက်ခဲ့ပြီး ဆောင်းနေကြာစံပြစိုက်ခင်း (၅)ဧကအား မျိုးစေ့ချစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးမြင့်အောင်တို့သည် တကောကျေးရွာ ကားလမ်းဘေးရှိ ဆောင်းနေကြာစံပြစိုက်ခင်း(၁၀)ဧကရှိ နေကြာပင်များအား ပြုစုပျိုးထောင်စိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)