ကျိုက်လတ် ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပွင့်လင်းရာသီကာလ မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့် မီးလောင်မှုများဖြစ်ပွားလာပါက အချိန်မီမီးငြှိမ်းသတ်နိုင်ရေး ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးနိုင်လင်းက မြို့နယ်အတွင်းရှိ ကျောင်းများ၊ စျေးများ၊ နေအိမ်များတွင် မီးဘေးအန္တရာယ်မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများ၊ လိုက်နာရမည့်အချက်များ၊ မီးဘေးအန္တရာယ်အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက အလျင်အမြန် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ EV Car မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ဆောင်ရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းနှင့် တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူးအသုံးပြုပုံအား ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှုများကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်