ဆိပ်ဖြူမြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် လမ်းအန္တရာယ်ရှိ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းဆောင်ရွက်

ဆိပ်ဖြူ ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့၊ အနော်ရထာလမ်းမကြီးဘေးဝဲယာ သန့်ရှင်းသာယာလှပရေးနှင့်ဒေသခံပြည်သူများ၊ ခရီးသွာပြည်သူသူများ အလမ်းအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် သစ်ပင်/သစ်ကိုင်းများရှင်းလင်းခြင်းကို ယနေ့နံနက် ၇ နာရီက ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှဝန်ထမ်းများက အနော်ရထာလမ်းမကြီးလမ်းဘေးဝဲယာ သန့်ရှင်းရေးလုပ်ငန်းများ၊ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ လမ်းအန္တရာယ်ကင်းဝေစေရန် လမ်းမကြီးပေါ်ရှိ အန္တရာယ်ရှိသော သစ်ပင်သစ်ကိုင်းများ ရှင်းလင်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။          

စိုးလင်းနိုင်(IPRD)