ဖြူး ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဝယ်ယူ စားသုံးသည့် မုန့်ပဲသွားရည်စာများ ရောင်းချသည့် ကျောင်းမုန့်ဈေးဆိုင်များအား ကျန်းမာရေးနှင့် ညီညွတ်စွာ ရောင်းချမှုရှိ/မရှိအခြေအနေများအား ဒီဇင်ဘာလ(၄)ရက်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ဖြူးအရှေ့ကျေးရွာအုပ်စု၊ နတ်ရေကန်ကျေးရွာ မူလတန်းလွန်ကျောင်းတို့တွင် စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ခံကျောင်းအုပ်ကြီးများက ရောင်းချသည့် အချိုရည်များ၊ မုန့်ထုပ်များ အမှတ်တံဆိပ်ရှိ/မရှိ၊ ထုတ်လုပ်ခွင့်လိုင်စင်၊ ကုန်အညွန်းအမှတ်အသားရှိ/မရှိ၊ လက်လုပ်မုန့်များ ကျန်းမာရေးနှင့်ညီညွတ်မှု ရှိ/မရှိနှင့် ဝမ်းရောဂါမဖြစ်စေရေးအတွက် အသုပ်များ၊ လက်လုပ်မုန့်များ ရောင်းချရာတွင် ယင်လုံစွာရောင်းချမှု ရှိ/မရှိအခြေအနေများအား စစ်ဆေးပြီးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)