မင်းလှမြို့ အမှတ်(၁) ဇီးကုန်းလေးရပ်ကွက် ကွန်ကရစ်လမ်းခင်းကျင်းပြီးစီးမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မင်းလှ ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်  ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာ‌ရေးနှစ်၊ အဖွဲ့ခွင့်ပြုရန်ပုံငွေ (၃၈.၈)သန်းဖြင့် ဆောင်ရွက်သည့် အမှတ်(၁) ဇီးကုန်းလေးရပ်ကွက်(၅)လမ်း အရှည် ၇၁၉ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၈ လက်မ ကွန်ကရစ်လမ်းခင်းကျင်းပြီးစီးမှုအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းနိုင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှဌေး၊ မြို့နယ်စည်ပင်သာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်သီတာဝင်းနှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းခင်းကျင်းထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းလုပ်ငန်းတာဝန်ခံများကို လိုသည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းအား ဖြိုးသီရိစံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ (၁) ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလကုန်တွင် ခင်းကျင်းပြီးစီးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)