အိမ်မဲ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာ အ.ထ.က ရွာသစ်၏ ပညာရတနာခန်းမတွင် မိခင်နှင့်ကလေးသေဆုံးမှုလျှော့ချရေးကျန်းမာရေးစကားကို ယနေ့နံနက်၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။
မိခင်နှင့်ကလေးသေဆုံးမှုလျော့ချရေးစကားဝိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ မျိုးကျော်အောင်က ဦးဆောင်သူအဖြစ် ပါဝင်ဆွေးနွေးခဲ့ပြီး အိမ်မဲမြို့နယ် အတွင်းရှိမိခင်သေဆုံးမှု၊ ကလေးသေဆုံးမှုအခြေအနေများကိုလည်းကောင်း၊ ရွာသစ်တိုက်နယ်ဆေးရုံမှ ဒေါက်တာမိုးသန့်စင်က ကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်နှင့် ကလေးများအားစောင့်ရှောက်ပေးမှုအကြောင်း၊ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်ခင်အေးပြုံးက ကိုယ်ဝန်ဆောင်အန္တရာယ်လက္ခဏာနှင့် ငါးနှစ်အောက်ကလေးများ၏ အန္တရာယ် လက္ခဏာအကြောင်း၊ အန္တရာယ်ကင်းစွာမွေးဖွားခြင်း (Safety Delivery) အကြောင်း၊ အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင် ဒေါ်ဌေးမြင့်က ကျန်းမာရေးဌာနနှင့်ချိတ်ဆက်၍မိခင်နှင့်ကလေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်ကူညီမှုများအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျန်းမာရေးပညာပေးလုပ်ငန်းများတွင် ပြည်သူများအား ကျန်းမာရေးအသိပညာတိုးပွားရေးစေရန်အတွက် အသိပညာများဖြန့်ဖြူးပေးခြင်းလုပ်ငန်းများအကြောင်း၊ အမျိုးသမီးများ၏ ကဏ္ဍအကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင့်ဝါဝင်းထွဋ်က ကိုယ်ဝန်ဆောင် မိခင်နှင့်အသက် (၂)နှစ်အောက် ကလေးများအား ထောက်ပံ့ပေးမှုအကြောင်း၊ ရွာငသ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်နုက မိမိတို့ကျေးရွာများအတွင်း အရေးပေါ် လူနားများလွှဲပြောင်းရေးစနစ်ထူထောင်မှုအကြောင်းတို့ကို အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်များကသိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးကျော်အောင်က ပြန်လည်ဖြေကြားပေးခဲ့ပြီး ထိုကဲ့သို့ ကျန်းမာရေးစကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းကြောင်း ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာအသိပညာဗဟုသုတများရရှိလာမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)