အင်းစိန်မြို့နယ်အတွင်း စက်မှုဇုန်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနား ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ စက်မှုဇုန်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံ ရေးအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်က အမှာစကားပြောကြားပြီး အင်းစိန်ခရိုင် မီးသတ်ဦးစီးမှူး ဦးမြင့်ဦးက မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးပြီးနောက် ရွှေပြည်သာစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီအတွင်းရေးမှူး ဦးသန်းစိုးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဂတ်(စ်)အိုး မီးလောင်မှုအား မီးသတ်ဆေးဘူး ဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နည်း၊ ဂတ်(စ်)အိုးမီးလောင်မှုအား Bar ပိတ်၍ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်း၊ ဂတ်(စ်)အိုးမီးလောင်မှုအား အောက်စီဂျင်ဖြတ်တောက်၍ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်နှင့် မီးသတ်ဆေးဘူးအား အသုံးပြု၍ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နည်း မီးလောင်မှုအား ဖုံးအုပ်ငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်းတို့အား ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မီးသတ်ဦးစီးဌာနမှ ပြသထားသည့် မီးငြှိမ်းသတ်ရေးကိရိယာများအား တက်ရောက်လာသူများက လှည့်လည်ကြည့်ရှုခဲ့ကြပြီးအဆိုပါအခမ်းအနားသို့  အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး မြတ်စိုး၊ အဖွဲ့ဝင် (၂)ဦးအုန်းရွှေ၊ အင်းစိန်ခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦး၊ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သုခလှိုင်၊ အင်းစိန်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွှေပြည်သာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးသန်းစိုးနှင့်တာဝန်ရှိသူများ၊ စက်ရုံ/အလုပ်ရုံများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို