မင်းဘူးမြို့နယ်အတွင်းရှိ စီမံကိန်းသီးနှံဖြစ်သော ဆောင်းဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းနေမှုများအား ကွင်းဆင်းကြည့်ရှု

မကွေး  ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်း စီမံကိန်းသီးနှံဖြစ်သော ဆောင်းဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးဧက (၈၀၀၀)အနက်မှ ဆင်ခေါင်းကျေးရွာ ဆင်ခေါင်း စိုက်/ထွေသ/မအသင်း၊ ကုန်းသာကျေးရွာ၊ နီလာ လယ်/ထွေ သ/မအသင်း၊ ကျောက်စံ ကျေးရွာ၊ စံပြမောင် လယ်/ထွေသ/မအသင်းတို့မှ အသင်းပိုင်ငွေဖြင့် စိုက်ပျိုးထားရှိသည့် သီးသန့်နေကြာ စိုက်ခင်းများဖြစ်ထွန်းနေမှုအခြေအနေများအား ယမန်နေ့က သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်နှင့်တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နေကြာစိုက် အသင်းသားတောင်သူများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား မြို့နယ်တာဝန်ခံက ရှင်းလင်းတင်ပြပြီး နေကြာစိုက်အသင်းသား တောင်သူများမေးမြန်းချက်များအပေါ် ညွှန်ကြားရေးမှူးဦးမျိုးအောင်နှင့် တာဝန်ရှိသူများမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မင်းဘူးမြို့နယ်သမဝါယမအသင်းစုရုံးတွင် သမဝါယဦးစီးဌာနမှဝန်ထမ်းများမင်းဘူးမြို့နယ်သမဝါယမအသင်းစု အမှုဆောင်နှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ သမဝါယမ ကဏ္ဍအနေဖြင့် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)