သဲကုန်း ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၈) နာရီက သဲကုန်းမြို့မဈေးအတွင်း၌ မီးဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးမှ ဒု-မီးသတ်ဦးစီးမှူး ဦးကျော်မြတ်ကိုနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန မြို့နယ်ဦးစီး ဒေါ်မာလာသိန်းနှင့် ဝန်ထမ်းများက မြို့မဈေးအတွင်းရှိ စျေးဆိုင်ခန်းများတွင် မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးတပ်ဆင်ထားရှိမှု၊ ဈေးအတွင်းမီးသုံးစွဲသည့် စားသောက်ဆိုင်ခန်းများ၊ ဈေးဆိုင်ခန်းများအတွင်းရှိ မီးသတ်ဆေးဗူးများကောင်းမွန်မှု ရှိ/မရှိ၊ လျှပ်စစ်ကြိုးများ စနစ်တကျသွယ်တန်းထားမှု ရှိ/မရှိ၊ပစ္စည်းများ စနစ်တကျသိုလှောင်ထားရှိမှု၊ စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးငြှိမ်းသတ်နိုင်မည့် နည်းလမ်းများအကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)