မြစ်သား ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းတွင် မြန်မာနိုင်ငံဆီကုန်သည် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများ စျေးနှုန်းချိုသာစွာ စားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာလျှင် (၈၄၀၀) ကျပ်နှုန်းဖြင့် ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်ဆုံဆိုင်ရှေ့တွင် ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မြစ်သားမြို့ ရှမ်းပွဲရပ်ကွက်ရှိ ဒေါ်ဇာဇာကုန်ဆုံဆိုင်ရှေ့တို့တွင် ပြည်သူများအား တစ်ဦးလျှင် ဆီတစ်ပိဿာ (၈၄၀၀)ကျပ်နှုန်းဖြင့် ဆီ(၂၈၇)ပိဿာချိန်အား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း စာသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)