မိုင်းရှူး ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5)နှင့် အလယ်တန်းအဆင့်(Grade-9)စာမေးပွဲလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဆရာကြီး ဦးအေးဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အခြေခံပညာမူလတန်းအဆင့်(Grade-5)နှင့် အလယ်တန်းအဆင့်(Grade-9)စာမေးပွဲလုပ်ငန်းဆိုင်ရာများအား တောင်ကြီးမြို့၊ အ.ထ.ကကျောင်းများမှ အလယ်တန်းပြ ဆရာမများနှင့် မိုင်းရှူးခရိုင်၊ ဆရာ၊ဆရာမများက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံ၊ လူမှုရေး စသည့်ဘာသာရပ်ဆိုင်ရာများကို အစီအစဉ်အပိုင်း(၂)ပိုင်းခွဲ၍ ရှင်းလင်းဆွေးနွေး သွားမည်ဖြစ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မိုင်းရှူးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၁၈၀) ဦး တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)