ကျေးသီး ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်တွင် အသက်(၅)နှစ်မှ (၇)နှစ် KG ကျောင်းသား/သူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့် အသက်(၉)နှစ်နှင့် (၁၀)နှစ် ကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) စတင်ထိုးနှံခြင်း ကို ယမန်နေ့ နံနက် ၁၀ နာရီက ကန်ပန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျေးသီး)တွင် ဆောင်ရွက်ခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်မြတ်ဗိုလ်သူနှင့် ကျန်းမာရေးဝန်ထမ်းများက အ.ထ.က(ကျေးသီး)ကျောင်းရှိ အသက် (၅)နှစ်မှ ၇နှစ် KG ကျောင်းသား/သူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့်အသက်(၉)နှစ် နှင့် (၁၀) ကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)တို့ကို စနစ်တကျ ထိုးနှံပေးကြသည်။
ကျေးသီးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ဆုံဆို့-မေးခိုင် ကာကွယ်ဆေးထိုးရန် ကျောင်းအခြေပြု (၁၁၇၇)ဦး၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးရန် ကျောင်းအခြေပြု (၈၅၂) ဦး လျာထားကာ ဒီဇင်ဘာ ၆ ရက်မှစတင်၍ သက်ဆိုင်ရာကျောင်းများအသီးသီးတွင် သတ်မှတ်ရက်အလိုက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။
နန်ဗွေခမ်း