ကျိုင်းတုံ ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် လူစုလူဝေးအား စနစ်တကျစီမံခန့်ခွဲမှု(ဆင့်ပွဲ)သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲကို ယမန်နေ့ နံနက် (၈) နာရီခွဲက ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်က သင်တန်းသားများအနေဖြင့် သင်တန်းကပို့ချသည့် ဘာသာရပ်များကို မြေပြင် ရဲလုပ်ငန်းတာဝန်များနှင့် လူစုလူဝေးအား ဥပဒေနှင့်အညီ စနစ်တကျစီမံခန့်ခွဲမှုများ ဆောင်ရွက်သည့်နေရာမှာ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်၍ ပိုမိုအောင်မြင်အောင် ဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
သင်တန်းသို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ ရဲတပ်ဖွဲ့ဝင် (၃၀) ဦး တက်ရောက်ပြီး ဒီဇင်ဘာလ (၉) ရက်မှ (၂၀) ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)