နောင်မွန်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

နောင်မွန်း ဖေဖော်ဝါရီ ၁၅

ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် စည်းလုံးညီညွတ်မှုကို အလေးထားလာစေရန်နှင့် စည်းကမ်းပြည့်ဝ ၍ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်ပသော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ် တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၁၂) ရက် ညနေ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

ရှေ့ဦးစွာ ဗိုလ်လုပွဲသို့ တက်လှမ်းခဲ့သော တက်လူအသင်းနှင့် လူပျိုလေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ လူပျိုလေးအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။  ဆက်လက်၍ ဆုပေးပွဲ အခမ်းအနားကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံး ကစားသမားများနှင့် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆု ရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်အသင်းများအား ဆုကြေးငွေများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို နယ်အတွင်းမှ ပိုက်‌ကျော်ခြင်း ပြိုင်ပွဲဝင်အသင်း (၁၁)သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အဆိုပါအသင်းဝင်များကို အုပ်စုနှစ်စုခွဲပြီး အုပ်စုပတ်လည်စနစ်ဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်မှ ဖေဖော်ဝါရီလ ၁၂ ရက် အထိ ၃ ရက်ကြာ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)