ပန်းတနော် ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် SH သတင်းဌာန (အထူးဟစ်တိုင် သတင်း အေဂျင်စီ၊ ရှုထောင့်/အမှန်တရားသတင်းစုံဂျာနယ်)မှ တည်ဆဲဥပဒေနှင့်အညီ သတင်းအမှန်များ ရေးသားဖော်ပြနိုင်ရေး မှာကြားလမ်းညွန်ခြင်းနှင့် အဖွဲ့ဝင်ကတ်ပြားနှင့် ဗဟိုကော်မတီတာဝန်ပေး ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် (SH) သတင်းဌာန၏ ဗဟိုအမှုဆောင်အရာရှိချုပ် ဦးသက်နိုင်ဦးနှင့် ဗဟိုအုပ်ချုပ်မှု တာဝန်ခံများမှ ခရိုင်အတွင်းရှိ ရုံးခွဲတာဝန်ခံများ၊ အဖွဲ့ဝင်များကို သတင်းလုပ်ငန်းကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပြောကြားခဲ့ပြီး အဖွဲ့ဝင်ကတ်ပြားနှင့် ဗဟိုကော်မတီ တာဝန်ပေး ခန့်အပ်လွှာများကို အသီးသီး ပေးအပ်ခဲ့သည်။
ထို့နောက် ဗဟိုအလုပ်အမှုဆောင် ဒုတိယအယ်ဒီတာချုပ်က အမှာစကား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အတွင်းရှိ သတင်းထောက်များက မိတ်ဆက်စကား ပြောကြားကာ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)