ဟုမ္မလင်းမြို့၊ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ၌ Pfizer  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေး

ဟုမ္မလင်း     ဖေဖော်ဝါရီ   ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ၌ Pfizer  အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ဖေဖော်ဝါရီလ(၁၅)တွင် စတင်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

ဟုမ္မလင်းမြို့နယ်တွင် Pfizer အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် နောက်ဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုကာလအနည်းဆုံး (၆)လရှိရ မည်ဖြစ်ပြီး ထိုးနှံရမည့်သူများမှာ အသက်(၅၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ် နှင့်အထက် ပြည်သူလူထုများ၊ အသက်(၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များကိုထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ Pfizer အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှ (၁၈)နေ့အထိ ကိုယ်ဝန်ဆောင်၊ အသက် ၆၅ နှစ်အထက် ပြည်သူလူထုများ၊ အသက်(၅၀)အထက် ဝန်ထမ်းများ၊ အသက် ၁၈ နှစ်အထက် နာတာရှည်ရောဂါရှိသူများ စုစုပေါင်း (၇၇၁)ဦးကိုထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)