နောင်မွန်း ဖေဖော်ဝါရီ ၁၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂါလံ၂၀၀၀ဆံ့ရေလှောင်ကန်တည်ဆောက်ခြင်းနှင့် ၂"(PVC)'(၁)မိုင်စိမ့်စမ်းရေသွယ် တန်းခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ရက် နေ့လယ် ၁၁ နာရီတွင် ချန်မယကျေးရွာ ၌ကျင်းပသည်။
အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားပြီး ကျေး လက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်ကျော်လွင်ကလုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ရေအရင်းအမြစ်ထုတ်ယူသုံးစွဲနိုင်မှုအခြေအနေများကို ရှင်းလင်းဆွေနွေးကာ ချန်မယကျေးရွာရေ ပေးဝေရေးကော်မတီထံသို့ လုပ်ငန်းလွှဲပြောင်း အပ်နှံခဲ့သည်။
အဆိုပါစိမ့်စမ်းရေသွယ်တန်း ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ခွင့်ပြုရံပုံငွေကျပ် ၂၈.၀၅ သန်းဖြင့် ခါနန်စီးတီးကုမ္ပဏီကတာဝန်ယူဆောက်လုပ်ခဲ့ပြီး ၂"(PVC)' (၁)မိုင်စိမ့်စမ်း ရေသွယ်တန်းခြင်း၊ (၂၅'×၃'×၅') ရေတာတံမံတည်ဆောက်ခြင်း၊ (၁၂'×၆'×၅')ရှိဂါလံ ၂၀၀၀ဆံ့ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများပါဝင်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်