မချမ်းဘော ဖေဖော်ဝါရီ ၁၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ (၂၀၂၃-၂၀၂၄) ခုနှစ် ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ(၁၃)ရက်နေ့ နံနက်(၁၀)နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မချမ်းဘော့မြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း (၃၄)ကျောင်းမှ KGတန်း ကျောင်းသား/ကျောင်းသူ (၂၄၀) ဦး၊ Grade-1 ကျောင်းသား/ကျောင်းသူ (၂၉၂) ဦး၊ Grade-2 ကျောင်းသား/ကျောင်းသူ (၃၇၉) ဦး၊ Grade-3 ကျောင်းသား/ကျောင်းသူ (၃၆၃) ဦး၊ Grade-4 ကျောင်းသား/ကျောင်းသူ (၂၆၄) ဦး၊ Grade-6 ကျောင်းသား/ကျောင်းသူ (၂၀၈) ဦး၊ Grade-7 ကျောင်းသား/ကျောင်းသူ (၇၃) ဦး ၊ Grade-8 ကျောင်းသား/ကျောင်းသူ (၁၉၂) ဦး၊ Grade-10 ကျောင်းသား/ကျောင်းသူ (၁၀၂) ဦး၊ Grade-11 ကျောင်းသား/ကျောင်းသူ (၈၀) ဦး တို့က သက်ဆိုင်ရာ ကျောင်းများအလိုက် ဖေဖော်ဝါရီလ ၁၄ရက်နေ့မှစ၍ ဖေဖော်ဝါရီလ ၂၀ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်သည်။
ဆက်လက်၍ ပူတာအိုခရိုင် စစ်မေးခွန်းဖြင့် Grade-5 ကျောင်းသား/ကျောင်းသူ (၂၅၂) ဦး၊ ပြည်နယ်စစ်မေးခွန်းများဖြင့် Grade-9 ကျောင်းသား/ကျောင်းသူ (၂၅၉)ဦးတို့က ဖေဖော်ဝါရီလ၂၂ရက်မှ ၂၈ရက်နေ့ထိ သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ဆက်လက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ(ပြန်/ဆက်)