ပေါင် ဖေဖော်ဝါရီ ၁၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ပြုလုပ်ခြင်းကိုမုတ္တမ - ကျွဲခြံကျေးရွာရှိ ဝင်္ဂဘာဘုန်းကြီးကျောင်း၌ ယနေ့နံနက်ပိုင်းက စတင်ပြုလုပ်ပေးခဲ့သည်။
ထိုသို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော်နှင့်ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့အား ပြုလုပ်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှုး ဦးမောင်မောင်မြင့်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များတို့က ကျား ( ၁၅ ) ဦး မ (၂၅) ဦး စုစုပေါင်း (၄၀) ဦးတို့အားနိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းတို့အား ပြုလုပ်ပေးနေမှုကိုကြည့်ရှုခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ် (ပြန်/ဆက်)