ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပြည် ဖေဖော်ဝါရီ ၁၈

၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ် ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပသည်။

ဗိုလ်လုပွဲ မကျင်းပမီ ဦးစွာ အရှေ့တိုင်းဘာသာရပ်အသင်းနှင့် ဥပဒေပညာ ဘာသာရပ်အသင်းတို့ တတိယနေရာလုပွဲ ယှဉ်ပြိုင်ကစားကြရာ ဥပဒေပညာ ဘာသာရပ်အသင်းက အနိုင်ရရှိသည်။ ယင်းနောက် သင်္ချာဘာသာရပ်အသင်းနှင့် ဓာတုဗေဒဘာသာရပ်အသင်းတို့  ဗိုလ်လုပွဲယှဉ်ပြိုင် ကစားရာတွင် သင်္ချာဘာသာရပ်အသင်းက အနိုင်ရရှိဗိုလ်ဆွဲခဲ့သည်။

ပြိုင်ပွဲများ အပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပြည်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသက်သက်ထွန်း၊ ဒေါက်တာမြင့်မြင့်ခိုင်နှင့် တာဝန်ရှိသူများက ပထမဆုရ ဗိုလ်စွဲခဲ့သော သင်္ချာဘာသာရပ်အသင်း၊ ဒုတိယဆုရ ဓာတုဗေဒ ဘာသာရပ်အသင်းနှင့် တတိယဆုရ ဥပဒေဘာသာရပ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ပထမဆု တံခွန်စိုက်ဖလားဆုကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ ပြည်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ဘာသာရပ်ပေါင်းစုံမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြပြီး ပြည်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲကို ဘာသာရပ်ပေါင်းစုံမှ အသင်း ၁၂ သင်းဖြင့် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)