ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဥ် (၁/ ၂၀၂၄) ဆင်းပွဲ အခမ်းအနား ကျင်းပ

သာကေတ ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကြီး ဦးဆောင်၍ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဥ် ( ၁/ ၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက သာကေတမြို့နယ်ရှိ အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး တက်ရောက်၍ သက်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။  ထို့နောက် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး အမှတ်စဥ် (၁/ ၂၀၂၄)  သင်တန်းဆင်း လက်မှတ်များကို ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး ကပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသား ဦးကျော်သူက လက်ခံရယူခဲ့သည်။

အဆိုပါ သင်တန်းကို အရှေ့ပိုင်းခရိုင်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်းသင်တန်းသား ၅၀ ဦးကို ဖေဖော်ဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်ထိ သင်တန်းနည်းပြ မီးသတ်ဦးစီးအရာရှိ ဦးပြည့်စုံ ၊ ဦးစီးအရာရှိ ဦးဋ္ဌေးလင်းဦး၊ ဒုတိယဦးစီးမှူး ဦးငြိမ်းချမ်းနှင့် ဒုတိယ ဦးစီးမှူး ဦးနေဝင်းထွန်းတို့က စာတွေ့လက်တွေ့များ သင်ကြားပေးခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး၊ အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကြီး၊ အရှေ့ပိုင်းခရိုင်အတွင်းရှိ မီးသတ်ဦးစီးမှူးများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)